Friday, June 14, 2024

Myanmar CDC နှင့် China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

 


နေပြည်တော် ဇွန် ၁၃

Myanmar CDC နှင့် China CDC တို့အကြား နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း Myanmar CDC ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် နားလည်မှုစာချွန်လွှာ (MoU) ကို Myanmar CDC ကိုယ်စားပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် China CDC ကိုယ်စား Prof. Li Qun (De- puty Director General, China CDC)တို့က လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား တီဘီ၊ အိပ်ချ်အိုင်ဗွီ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် အခြားသောကူးစက်ရောဂါများအပါအဝင် ကူးစက်ရောဂါများကို ထိန်းချုပ်ကာကွယ်ခြင်း၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကဲ့သို့ မကူးစက်နိုင်သောရောဂါများကို ကာကွယ်ကုသခြင်း၊ ဓာတ်ခွဲခန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကျန်းမာရေးဆိုင်ရာလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများကို လေ့လာရေးခရီးသင်တန်းများစေလွှတ်ခြင်း၊ ပူးတွဲသုတေသနပြုလုပ်ခြင်းနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို လျင်မြန်စွာ တုံ့ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ခြင်း စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့်အတူ ရန်ကုန်မြို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးကောင်စစ်ဝန် Mr. Ouyang Daobing Myanmar CDCChina CDC ၊ ယူနန်ပြည်နယ် Yunnan Disease Control and Prevention Administration နှင့် National Institute of Parasite Disease (China CDC) တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် (၈)ကြိမ်မြောက် မြန်မာ - တရုတ် နှစ်နိုင်ငံကူးစက်ရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment