နေပြည်တော် ဇွန် ၁၃
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljha-leel Mohamed Al Faheem အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
မြန်မာအလုပ်သမားများ၏ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေး၊
အလုပ်သမားနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့်
ပြည်ပအလုပ်သမားဈေးကွက်တိုးချဲ့နိုင်ရေး၊ အလုပ်သမားဝန်ကြီးဌာနမှ ယူအေအီး၊ ကာတာ၊
ကူဝိတ်၊ ဂျော်ဒန် အစရှိသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့
စေလွှတ်ခွင့်ပြုပေးနေမှု၊ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးသည့်
နိုင်ငံများသို့စေလွှတ်နေမှုနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း မရှိသည့်နိုင်ငံများသို့ အလုပ်ကမ်းလှမ်းစာ (Demand
Letter) စိစစ်သည့် လုပ်ငန်းစဉ်ဖြင့် စေလွှတ်ခွင့်ပြုပေးနေမှု၊ အာရပ်စော်ဘွားများ
ပြည်ထောင်စုနိုင်ငံ (ယူအေအီး နိုင်ငံ) တွင် မြန်မာနိုင်ငံသား
ရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်လျက်ရှိရာ မြန်မာအလုပ်သမားများ
အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ယူအေအီးနိုင်ငံ၏ ဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များ
ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊
ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment