Friday, June 14, 2024

မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများအတွက်လိုအပ်သော စက်မှုကျွမ်းကျင်လုပ်သားများမွေးထုတ်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များဆွေးနွေး

 


နေပြည်တော် ဇွန် ၁၃

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် သီရိလင်္ကာသံအမတ်ကြီး Mrs. Ponnamperuma Arachige Prabashini Ponnam-peruma အား ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများအတွက် လိုအပ်သောစက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေး၊ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်အဝတ်အထည်ထုတ်လုပ်ရေး စသည့်ကိစ္စရပ်များကို ရင်းရင်းနှီးနှီးအမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment