ရန်ကုန် ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့၌ မြန်မာ့အာမခံလုပ်ငန်းနှင့် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတို့က ရာသီဥတုအညွှန်း ကိန်းသီးနှံအာမခံလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တောင်သူများသို့ အသိပညာပေးဆွေးနွေးပွဲကို ဇွန် ၁၀ ရက်က မှော်ဘီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ
မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်စည်က
အမှာစကားပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်းမှ မန်နေဂျာ ဒေါ်သင်းသင်းဦးက ရာသီဥတုအညွှန်းကိန်းအခြေပြု
သီးနှံအာမခံလုပ်ငန်းရည်ရွယ်ချက်၊ အာမခံထားရှိခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊
သီးနှံအာမခံလုပ်ငန်းဆိုင်ရာတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ မြို့နယ်မန်နေဂျာ ဒေါ်တင်ထူးထူးအောင်က စိုက်ပျိုးစရိတ်ချေးငွေလုပ်ငန်းနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားသည်။
ထို့နောက်
တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက
ပြန်လည်ရှင်းလင်းဖြေကြားသည်။ ဆွေးနွေးပွဲအခမ်းအနားသို့
ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၅၀
တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment