Saturday, May 25, 2024

ပုလဲမြို့ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦးအား PDF အယောင်ဆောင်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ



နေပြည်တော် မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦး အား PDF အယောင်ဆောင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် ဝင်ရောက်ဖမ်းဆီး သွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းအမှားများ ဖြင့် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများအား PDF အမည်ခံ အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်များ ဆောင်ရွက်ပေးနေမှုအပေါ် ဒေသခံပြည်သူ များ အထင်အမြင်လွဲမှားစေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဂုဏ်သိက္ခာကျဆင်းစေရန် ပြည်ဖျက်မီဒီယာ များမှ သတင်းမှားများ လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ တာဝန် များအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းများ လုပ်ဆောင်မှုမရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment