Saturday, May 25, 2024

အစိုးရဓမ္မာစရိယစာမေးပွဲ အောင်စာရင်းကို မေ ၃၀ ရက်တွင် ထုတ်ပြန်မည်

နေပြည်တော် မေ ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၅ ခုနှစ်(၂၀၂၄ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲအောင်စာရင်းကို ၁၃၈၆ ခုနှစ် ကဆုန်လပြည့်ကျော် ၄ ရက် (၂၀၂၄ ခုနှစ် မေ ၂၆ ရက်)တနင်္ဂနွေနေ့ နံနက်၆ နာရီတွင်လည်းကောင်း၊ အစိုးရဓမ္မာ စရိယစာမေးပွဲ အောင်စာရင်းကို ၁၃၈၆ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် (၂၀၂၄ ခုနှစ် မေ ၃၀ ရက်) ကြာသပတေးနေ့ နံနက် ၆ နာရီတွင်လည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora. gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment