Saturday, May 25, 2024

ကလောမြို့ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၂-၂၀၂၅) ပါ မဟာဗျူဟာအစီအစဉ်များကို အထူးဂရုစိုက်အကောင်အထည်ဖော်ကြရန် လိုအပ်



နေပြည်တော် မေ ၂၄

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကလောမြို့ရှိ ခရီးသွားပြည်သူများ အပန်းဖြေအနားယူရန် ဆောင်ရွက်ထား ရှိသည့် မောမြေဦးပန်းခြံ၊ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ အဆောက်အအုံတစ်ခုဖြစ်ပြီး သမိုင်းအမွေအနှစ်တစ်ခုလည်းဖြစ်သည့် ကလောဘူတာသို့သွားရောက်ပြီး ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် Heritage Tourism ဖော်ဆောင်သွားနိုင်မည့်အခြေအနေများ၊ Maluca Villa သို့ သွားရောက်ပြီး ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး ပြင်ဆင်ထားရှိမှု၊ Maluca နာမည်ဖြင့် အဆင့်အတန်းမီ သဘာဝလူသုံးကုန်ပစ္စည်း ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့ ကလောဂါးဒင်းဟိုတယ်၌ ကျင်းပသည့် ကလောမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကလောခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဖိုရမ်အား ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက် ရာတွင် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ (DMO) များ၏ အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များ၊ ခရီးသွားလုပ်ငန်းလုပ်ကိုင် သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) ၏ အစီရင်ခံစာအရ ကမ္ဘာနှင့်အဝန်း ခရီးစဉ်ဒေသများသို့ နိုင်ငံတကာခရီးသည် ရောက်ရှိမှုမှာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့ နှိုင်းယှဉ်ပါက ၃၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်မှုမှာလည်း တိုးတက်ခဲ့ပါကြောင်း၊ ကလောမြို့သို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာလည်း တိုးတက်လာခဲ့သည်ကို တွေ့ရှိရပါကြောင်း။

ကလောမြို့ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၂၂-၂၀၂၅) ပါ မဟာဗျူဟာအစီအစဉ်များကို အထူးဂရုစိုက်အကောင်အထည်ဖော်ကြရန် လိုအပ်ပါကြောင်း၊ စီမံကိန်းမှာ ဒေသခံတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယနေ့ကျင်းပသော ဖိုရမ်မှတစ်ဆင့် ကလောမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးဖော်ထုတ်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းအမျိုးအစားများ ဖော်ထုတ်ထားရှိမှု၊ ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရားသို့သွားရောက်၍ ဘုရားဖူးခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်မှု၊ မြင်းကကျေးရွာရှိ အပန်းဖြေခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဗျိုက်တောင် View Point နေရာများသို့သွားရောက်ပြီး အပန်းဖြေခရီးသွားလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ နန်းသဲကျေးရွာရှိ Kalaw Glamping Adventure Tourism Site သို့သွားရောက်ကာ ခရီးသွားဧည့်သည် များအတွက် ဘေးအန္တရာယ်ကင်းစွာ စွန့်စားခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ထားရှိမှုနှင့် အပန်းဖြေ ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Kalaw Hill Lodge Hotel သို့သွားရောက်ပြီး ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဝက်ဖြူရေကျေးရွာအုပ်စု ရေယောင်းမကျေးရွာအား ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင် ထားရှိသောအခြေအနေများ၊ ခရီးသွားဧည့်သည်များ ကျေးရွာအတွင်း လာရောက်လည်ပတ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ ခရီးသွားဧည့်သည်များ တောတောင်ရေမြေသဘာဝအလှအပများ ကြည့်ရှုခံစားနိုင်စေရန် View Point များ၊ အပန်းဖြေစခန်းများ စီစဉ်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment