နေပြည်တော် မတ် ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ် များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊
အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး
ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်
ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့်
တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ် ချက်ဖြစ်ကြောင်း၊
အနာဂတ်လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားစရိုက်လက္ခဏာများ ထိန်းသိမ်းရေးနှင့်
တိုးတက်ပြောင်းလဲနေသည့်ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော
လူငယ်များဖြစ်စေရန် နိုင်ငံတော်က ဘက်စုံပညာရေးကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ယခု
လာမည့် မတ် ၁၁ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲအောင်မြင်စွာ
ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်သွားကြရမည်
ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက
စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးနှင့်
ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ
စာမေး ပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊
လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ
တင်ပြကြရန်လိုအပ်ကြောင်း၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး
ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လုံခြုံရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့်
စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ထူးခြားဖြစ်စဉ်များကို မချွင်းမချန်
အမြန်သတင်းပေးပို့ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကျော်စွာသွင်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်တို့က
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး
တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူ များက
ပြန်လည်ဖြေကြား၍ ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်

No comments:
Post a Comment