နေပြည်တော် မတ် ၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာစိုးဝင်းသည် ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး
လူမှုဝန်ထမ်း ဦးစီးဌာန
လက်အောက်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ပြီး
ဂေဟာ တွင် လူမှုရေးအရ အထီးကျန်နေသော၊ နာတာရှည်ဝေဒနာခံစား နေမှုမရှိသော အသက် ၇၀ နှစ်
နှင့်အထက် ဘိုးဘွားများအား နေ့ပိုင်းစောင့်ရှောက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ဂေဟာတာဝန်ခံက ဘိုးဘွားများအား တစ်ဦးချင်းစီနှင့် အုပ်စုအလိုက် နှစ်သိမ့်ဆွေးနွေးမှု
များပြုလုပ်ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း၊
ဘိုးဘွားများအား မိမိတို့ဝါသနာပါရာ လုပ်ငန်းများဆောင်ရွက်စေခြင်း၊ ဘုရားဖူးနှင့် လေ့လာရေး
ခရီးများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ မူလတန်းကြိုကျောင်းများမှ ကလေးများ၊ လူငယ်များ၊ အခြား
ဘိုးဘွားရိပ်သာများမှ ဘိုးဘွားများနှင့် တွေ့ဆုံပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည့် ဘုရားခန်း၊ အဘိုး၊ အဘွားအိပ်ဆောင်၊
စာကြည့် တိုက်၊ ပန်းချီခန်း၊ ကာရာအိုကေ ခန်း၊ ဆေးကုသခန်း၊ ဆံသခန်း၊ မီးဖိုဆောင်နှင့်
ထမင်းစားဆောင်၊ သက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ (Care Giver) သင်တန်းဖွင့်လှစ်သော
သင်တန်း ဆောင်များကိုကြည့်ရှုပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား
ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီး
မှူးရုံး အစည်းအဝေးခန်းမ၌ ဦးစီးဌာန သုံးခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီး
က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး
ဝန်ထမ်း များအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ
စေတနာ ထား၍ ဆောင်ရွက်ရန် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနသုံးခုမှ အရာထမ်း၊ အမှုထမ်းများနှင့် အတူ
နေ့လယ်စာကို အတူ တကွသုံးဆောင်ကြပြီး ရန်ကုန် တိုင်းဒေသကြီး လူမှုဝန်ထမ်း
ဦး စီးမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းလုပ်ငန်း ရပ်များ ဆောင်ရွက်နေမှုကို
ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လူမှုဝန်ထမ်းဦးစီး ဌာနနှင့်
Nippon Foundation တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မသန်စွမ်းသူများအတွက် ICT နည်းပညာဆိုင်ရာ
အသက်မွေး ဝမ်းကျောင်းသင်တန်းများ ပို့ချပေးလျက်ရှိသော သတင်းအချက် အလက်ဆက်သွယ်ရေး နည်းပညာ
သင်ကြား လေ့ကျင့်ရေးစင်တာ (Information Communication Technology (ICT) Training
Center)သို့ရောက်ရှိပြီး စင်တာ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ ပြည်ထောင်စုဝန်ကြီး
က ရှေ့ဆောင်ရွက်ရမည့်လုပ်ငန်းများကို မှာကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment