နေပြည်တော် ဖေဖော်ဝါရီ ၂၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၆နာရီခွဲတွင် တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးဒေါင့်ကန်လမ်းပေါ်တွင် သတင်းအရ ငြိမ်းချမ်း မောင်းနှင်ပြီး ဇော်လှိုင်ဦး (ခ) အာကာနှင့် နေဇော်ဦးတို့လိုက်ပါလာသော Mitsubishi အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၈၀၀၀ ကိုလည်းကောင်း။
ထို့ပြင် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၃ နာရီတွင်
ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားရပ်ကွက် မြအေးချမ်းလမ်းရှိ
သက်ရွှေဦး (ခ) ကိုသက်၏ နေအိမ်ကို သတင်းအရရှာဖွေရာ အိပ်ခန်း အတွင်းရှိ အိပ်ရာခေါင်းရင်းမှ
စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၆ နာရီ ၁၅ မိနစ်တွင်
ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် အဝေရာမီးပုံးပျံကွင်းမုခ်ဦးအနီးတွင်
မသင်္ကာ ဖွယ်တွေ့ရှိသူ မမာလာဝင်း (ခ) မာလာအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား
၁၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း
လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment