နေပြည်တော် ဖေဖော်ဝါရီ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၂ - ၃ - ၂၀၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့်
ရွှေသွေးဂျာနယ် အတွဲ (၅၆) ၊ အမှတ် (၉) တွင် လူတော်ဟုဆိုရာတွင် ကိုယ်တစ်ဦးတည်း သိနေ၊
တတ်နေရုံမျှမက မိမိပတ်ဝန်းကျင်ကိုလည်း မိမိကဲ့သို့ပင် သိအောင်၊ တတ်အောင် စွမ်းဆောင်ပေးသင့်ကြောင်း
တင်ဆက်ထားသည့် “ပုပုပါဝင်သည့် လူတော်ဆိုတာ” မျက်နှာဖုံးကာတွန်း၊ ဖြတ်ထိုးဉာဏ်သုံးဂဏန်းသင်္ချာ
အကြောင်း ဗဟုသုတဖြစ်ဖွယ်တင်ဆက်ထားသည့် သုတကဏ္ဍ၊ ကလေးတို့ ကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီလက်ရာများကို
တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ သားသမီးများသည် မိဘများ
သက်ရှိထင်ရှားနေချိန်တွင် မိဘများကို ပြုစုစောင့်ရှောက်တတ်ရမည်ဖြစ်ကြောင်း တင်ဆက်ထားသည့်
“ မရှိတော့မှ မလွမ်းနဲ့”နှစ်မျက်နှာကာတွန်း၊ အကျင့်စရိုက်နှင့် အပြုအမူမတူသူတို့
ပေါင်းသင်းနေထိုင်၍ မရနိုင်ပုံကို ကျားမကြီးနှင့် နွားမကြီးတို့ကို ပမာပြုရေးဖွဲ့ထားသည့်
“အပေါင်းအသင်းမှားသူ” ပုံပြင်ကဏ္ဍ၊ ကျေးဇူး ရှင် တောင်သူဦးကြီးတို့၏ လယ်ယာလုပ်ငန်း
ဆောင်ရွက်ချက်များနှင့် မွန်မြတ် လှသော စိတ်ထားများအကြောင်း ရေးဖွဲ့ထားသည့် ဆရာသူရအောင်
(ရွှေပြည် သာ)၏ “ လယ်ယာချစ်တဲ့ ဦးကြီးများ” ကဗျာကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့်
အသုံးဝင်သည့် နေ့စဉ်သုံး အထူးစကား အသုံးအနှုန်းများ ကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ
တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment