နေပြည်တော် ဖေဖော်ဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ပြင်ဦးလွင်မြို့ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများအား အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး အောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စားသောက်ဖွယ်ရာများပေးအပ်
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
တိုင်းမှူးတို့က နယ်မြေခံတပ်မတော်ဆေးရုံတွင် တက် ရောက်ဆေးကုသမှုခံယူနေသော လူနာများအတွက်
တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့မှ လှူဒါန်းသော ငွေကျပ်သိန်း ၁၄၀
တန်ဖိုးရှိ အာဟာရဖြည့် စားသောက် ဖွယ်ရာများကို ပေးအပ်ရာ နယ်မြေခံတပ်မတော်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက
လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment