နေပြည်တော် မတ် ၁
ပြည်ပမှ မှာယူထားသည့် စက်သုံးဆီတင်သင်္ဘောများသည် စီစဉ်ထားသည့်အတိုင်း ရန်ကုန်တိုင်း
ဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက် သိုလှောင်ကန်များအတွင်းသို့
စက်သုံးဆီများ ချယူဖြည့်တင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/
ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိရာ
၂၉-၂-၂ဝ၂၄ ရက်နေ့တွင် ဆီတင်ယာဉ် (၁,၁၇၅) စီးဖြင့် 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95
Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ်ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၂ သိန်းကျော်
ဖြည့်တင်းပေးနိုင်ခဲ့ကြောင်းနှင့် သီလဝါဆိပ်ကမ်းဒေသ သိုလှောင်ကန်စခန်းများတွင်လည်း
စက်သုံးဆီအလုံအလောက်ရှိပြီး နေ့စဉ်ပုံမှန်ဖြန့်ဖြူးနေမှုအခြေအနေအတိုင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း
သိရှိရပြီး အများပြည်သူအနေဖြင့် ကောလာဟလသတင်းများကြောင့် မကြာမီ စက်သုံးဆီပြတ်လပ်မည်ကို
စိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း
စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပါကြောင်း သတင်းရရှိသည်။
No comments:
Post a Comment