Thursday, February 29, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူများက ထောက်ပံ့ပစ္စည်းများပေးအပ်


 တောင်ကြီး
ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်သူများက စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့များသည် အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေသော အဖွဲ့များဖြစ်ကြောင်း၊ လိုအပ်သည့် ထောက်ပံ့မှုမျိုးကိုလည်း ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်သူလူထုများအားလုံးက ပေါင်းစပ်ပြီး တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ရာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အသက်စွန့်လွှတ်ခဲ့ရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာ ပစ္စည်းနှင့်ငွေကျပ် ၁၅၆ သိန်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် ဦးစီးအရာရှိ ပထမတန်းပြည်သူ့စစ် ဒုတိယဗိုလ်မှူးကြီး သက်ဦးတို့ကလည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးက ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး ကျော်ဝင်းလှိုင်ကလည်းကောင်း လက်ခံရယူကြ သည်။

ထို့နောက် နိုင်ငံတော်ကာကွယ်ရေးနင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့နှင့် အင်းလေးပြည်သူ့စစ် (ဌာနေ) အဖွဲ့တို့ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က စားသောက်ဖွယ်ရာပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

မောင်မောင်သန်း (ပြန်/ဆက်)

No comments:

Post a Comment