Thursday, February 29, 2024

Games of the Future 2024 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Burmese Ghouls အသင်း ကွာတားဖိုင်နယ်တက်လှမ်း

 

ကာဇန် ဖေဖော်ဝါရီ ၂၈

ရှရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ကျင်းပလျက်ရှိသော Games of the Future 2024 နိုင်ငံတကာ ဂိမ်းပေါင်းစုံပြိုင်ပွဲ၏ မိုဘိုင်းလက်ဂျန့်စ် ဘန်းဘန်း (Mobile Legends Bang Bang - MLBB) ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Burmese Ghouls အသင်းသည် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြန်မာကိုယ်စားပြု Burmese Ghouls အသင်းသည် ဖေဖော်ဝါရီ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သော မိုဘိုင်းလက်ဂျန့်စ်ပြိုင်ပွဲ ရှုံးထွက်အဆင့်တွင် ဆော်ဒီအာရေဗျကိုယ်စားပြု Twisted Minds ကို နှစ်ပွဲပြတ် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ Burmese Ghouls အသင်းသည် ဖေဖော်ဝါရီ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သော မိုဘိုင်းလက်ဂျန့်စ် ပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် ရုရှားမှ Deus Vult အသင်းကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့သည်။

သို့သော်လည်း Burmese Ghouls အသင်းသည် ဖေဖော်ဝါရီ ၂၇ ရက်က မွန်ဂိုလီးယားကိုယ်စားပြု Team Lilgun အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် နှစ်ပွဲပြတ်အနိုင်ရရှိကာ ရှုံးထွက်အဆင့်သို့ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။

ရှုံးထွက်အဆင့်တွင်လည်း ပြိုင်ဘက်ကို နှစ်ပွဲပြတ်ထပ်မံအနိုင်ယူကာ ကွာတားဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Burmese Ghouls အသင်းသည် မိုဘိုင်းလက်ဂျန့်စ်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် အင်ဒိုနီးရှားကိုယ်စားပြု RRQ Hoshi အသင်းနှင့် ဖေဖော်ဝါရီ ၂၉ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောင်ဇော်

No comments:

Post a Comment