Thursday, February 29, 2024

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၂၉

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 


အခမ်းအနားသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်များ၊ ဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးလုပ်ငန်းများအကြား မျှတသည့် ယှဉ်ပြိုင်မှုဖြစ်စေရေး၊ ဈေးကွက်ထိန်းချုပ်ခြင်းများမရှိစေရေး၊ အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်နိုင်ရေး၊ ဈေးကွက်အတွင်း ကောင်းမွန်သည့် ယှဉ်ပြိုင်မှုများကိုအားပေးပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူအားလုံး တစ်ပြေးညီ တိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့်ရရှိစေရေးအတွက် ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေပြဋ္ဌာန်းထားပြီး ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများအပေါ် ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များဖြင့် အသိပညာပေးဆွေးနွေးမှုအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးအစီအစဉ်များတွင် Website များမှတစ်ဆင့် အသိပညာပေးခြင်းလည်း ပါဝင်သည့်အတွက် ယှဉ်ပြိုင်မှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ရယူနိုင်ရေး၊ ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားမှုများကို လက်ခံရယူနိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ရေး၊ အာဆီယံဒေသတွင်းနှင့် မိတ်ဖက်နိုင်ငံ၊ အဖွဲ့အစည်းများ၏ ယှဉ်ပြိုင်မှုဆိုင်ရာ Website များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website ကို ရေးဆွဲအကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment