Wednesday, February 28, 2024

စက်မှုဝန်ကြီးဌာန ဝန်ထမ်းများ၏ စုပေါင်းထမနဲထိုးပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၇

စက်မှုဝန်ကြီးဌာန ဝန်ထမ်းများ၏ စုပေါင်းထမနဲထိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃၇)ရှိ ထီးသုံးလက်ဘုရားကုန်း၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေမန်နေဂျာများနှင့် ဝန်ထမ်းများ တက်ရောက်ကြည့်ရှု အားပေးသည်။

ကြည့်ရှုအားပေး

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဦးစီးဌာနနှင့် စက်မှုလုပ်ငန်းတို့မှ ဝန်ထမ်း များ၏ ထမနဲထိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို ရိုးရာဓလေ့ကို ထိန်းသိမ်းရန်၊ ဝန်ထမ်းများ၏ စိတ်ပင်ပန်း နွမ်းနယ်နေမှုများကို ဖြေလျှော့ပြေပျောက်ပြီး အားအင်သစ်များရရှိစေရန်၊ လုပ်ငန်းခွင်ပျော်ရွှင်စေရန်၊ လုပ်ငန်းတာဝန်များကို ယခင်ကထက် ပိုမိုစွမ်းဆောင်လာနိုင်စေရန်၊ ဝန်ထမ်းများအကြား အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုများ တိုးပွားစေရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်ပြီး အဖွဲ့အစည်းစိတ်ဓာတ် ဖြစ်ပေါ်ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment