Monday, January 1, 2024

နန္ဒာအောင်မြေကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ (Ph.D. Buddhism) ၏ နှစ်သစ်ကူး ဩဝါဒကထာ

 


ဒီကနေ့ဟာ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်အခါသမယပဲ ဖြစ်ပါတယ်။ အခုလိုမင်္ဂလာရှိလှတဲ့ နှစ်သစ်မင်္ဂလာအခါသမယမှာ ဘုန်းဘုန်းအနေနဲ့ နှစ်သစ်မင်္ဂလာနှစ်ဦးဆုမွန် ပတ္ထနာပြုပေးပါမယ်။

ယာဒိသံ ဝပတေဗီဇံ - တာဒိသံ ဟရတေဖလံ

ကလျာဏ ကာရီကလျာဏံ - ပါပကာရီစ ပါပကံ။

သဂါထာဝဂ္ဂသံယုတ်။

ကလျာဏီ ကာရီ ကလျာဏံ - ကောင်းသောစေတနာဖြင့် ကောင်းသောကုသိုလ်မျိုးစေ့တို့ကို စိုက်ပျိုးနိုင်သော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား၊ ကမ္ဘာသူကမ္ဘာသားများ ဖြစ်နိုင်ကြပါစေ။

ပါပကာရီစ ပါပကံ - မကောင်းသောစေတနာဖြင့် မကောင်းသော အကုသိုလ်မျိုးစေ့တို့ကို စိုက်ပျိုးမိသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားများ မဖြစ်ကြပါစေနှင့်။

-           ကောင်းပင်ပျိုး၍ ကောင်းကျိုးကိုယ်၌ တည်စေသူများ ဖြစ်ကြပါစေ။

-           ဆိုးပင်ပျိုး၍ ဆိုးကျိုးများကင်းဝေးသောသူများ ဖြစ်ကြပါစေ။

 နံနက်မိုးလင်းမှ မိုးချုပ်ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာတို့သည် မိမိနောက်သို့ လိုက်ပါခြင်းမပြု။ ကုသိုလ် - အကုသိုလ် (၂)ပါး သာလျှင် လိုက်ပါခြင်းဖြစ်သည်။

သို့အတွက်ကြောင့် မိုးလင်းတဲ့အချိန်မှ မိုးချုပ်တဲ့အချိန်ထိ ကုသိုလ်တရားပွားများပြီးသကာလ ကောင်းကျိုးတွေရရှိပြီး ချမ်းသာသုခပြည့်ဝနိုင်ကြပါစေ။ မကောင်းတာတွေဖယ်ရှား၊ ကောင်းတာတွေပွား၊ ကောင်းကျိုးချမ်းသာရကြပါစေ။ နှစ်သစ်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း ပြည့်စုံပြီး ဒုက္ခခပ်သိမ်း၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေလို့ နှစ်သစ်ကာလအခါသမယ၌ ဆုတောင်း “ပတ္ထနာ” ပြုလိုက်ပါသည်။

No comments:

Post a Comment