Thursday, January 4, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့


နေပြည်တော် ဇန်နဝါရီ ၄

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘောဒီးယားနိုင်ငံ ပြည်သူများမှ မိမိနှင့်အတူ အဆွေတော်နှင့် မြန်မာနိုင်ငံ ပြည်သူများအား ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်၊၊

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နီးကပ်ပြီး ကာလရှည်ကြာသော ဆက်ဆံရေးမှာ တူညီသောယဉ်ကျေးမှုနှင့် ဘာသာတရား ဓလေ့ထုံးတမ်းများ၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့အပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ လာမည့်အနာဂတ်တွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး မိမိတို့ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

အဆွေတော်အနေဖြင့် ကျန်းမာရွှင်လန်း၍ အေးချမ်းပါစေကြောင်းနှင့် မြန်မာနိုင်ငံပြည်သူအပေါင်း ငြိမ်းချမ်း၍ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားအားလပ်ရက်ဖြစ်သော လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ရုရှား - မြန်မာဆက်ဆံရေးသည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုရှိပါသည်။ မိမိတို့နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်မှုနှင့် လုံခြုံမှု ပိုမိုခိုင်မာစေရေးအတွက် နယ်ပယ်ကဏ္ဍစုံတွင် နှစ်ဖက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံတိုးမြှင့် လုပ်ဆောင်နိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

၂၀၂၄ ခုနှစ်၊ နှစ်သစ်အခါသမယတွင် အဆွေတော်အား နှုတ်ခွန်းဆက်သအပ်ပါသည်။ အဆွေတော် ကျန်းမာပျော်ရွှင်၍ အောင်မြင်မှုများရရှိပြီး မြန်မာပြည်သူများအားလုံး ငြိမ်းချမ်း၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ရာနေးလ် ဝစ်ခ်ရီမီဆင်းဟီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဖော်ပြလျက် ဆုမွန်ကောင်း ပို့သအပ်ပါသည်။

ထေရဝါဒဗုဒ္ဓဘာသာနှင့် တူညီသော ယဉ်ကျေးမှုစံနှုန်းများအပေါ် အခြေခံလျက်ရှိသည့် သီရိလင်္ကာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကာလရှည်ကြာ တည်ရှိနေသော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် ရာစုနှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်တိုးတက်ခိုင်မာလျက်ရှိပါသည်။ လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုခိုင်မြဲလာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

မြန်မာပြည်သူများ ငြိမ်းချမ်းပျော်ရွှင်၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အမျိုးသားရုံးပိတ်ရက် အခါသမယတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ကိုယ်စား မိမိက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် ချစ်ကြည်ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးရှိပါသည်။ မိမိတို့နှစ်နိုင်ငံအစိုးရ၏ တက်ကြွသော ပူးတွဲလုပ်ဆောင်ချက်သည် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

အဆွေတော် ကျန်းမာချမ်းသာပြီး လုပ်ငန်းဆောင်တာများတွင် အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် ခင်မင်ဖော်ရွေသော မြန်မာပြည်သူများ ပျော်ရွှင်၍ သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်မဟာ ပဝရ ဓိပတိ ဟွန်မာနိုက် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအား ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများကိုယ်စား မိမိမှ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်၊၊

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား နှစ်ကာလကြာရှည်စွာ တည်ဆောက်ထားရှိခဲ့သည့် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးမှာ ပိုမိုခိုင်မြဲလာကြောင်း တွေ့မြင်ရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်မိပါသည်၊၊ မိမိတို့နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ ဒေသတွင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် နှစ်နိုင်ငံအကြား သာမက ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများအောက်မှ နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဖော်ဆောင်သွားနိုင်မည်ဟု မိမိယုံကြည် ပါသည်၊၊

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းနှင့် အဆွေတော် ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများ ဆက်လက်ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်၊၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ရိုမန် ဂိုလော့ဗ်ချန်ကို ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ဘယ်လာရုစ်သမ္မတနိုင်ငံအစိုးရကိုယ်စား မိမိအနေဖြင့် အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အပြန်အလှန် နားလည်ယုံကြည်မှု၊ လက်ရှိကမ္ဘာနှင့် ဒေသတွင်းရေးရာများအပြင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းရာ၌ မိမိတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအခွင့်အရေးဖြင့် ဆောင်ရွက်မှုတို့အပေါ် တူညီသော အမြင်ရှိမှုတို့ကို အခြေခံ၍ ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်ထားပါသည်။

ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်သွားရန် ဆန္ဒရှိပြီး၊ နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းစေမည့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တဖြည်းဖြည်း မြှင့်တင်သွားရန် ရည်ရွယ်ပါသည်။

စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုများကို အရှိန်မြှင့်တင်ခြင်းနှင့် ပူးတွဲစီးပွားရေးစီမံချက်များကို အကောင်အထည်ဖော်ခြင်းက နှစ်နိုင်ငံ အောင်မြင်သောဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်နှင့် ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံပြည်သူများ၏ သာယာဝပြောမှု တိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေမည်ဟု မိမိတို့အနေဖြင့် ယုံကြည်ပါသည်။

အဆွေတော် ကျန်းမာစေရန်နှင့် နိုင်ငံ့တာဝန်များ ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ရရှိပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းနှင့် အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာဒ်ဒီယဲ လာဘိုယီထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခါသမယတွင် အယ်လ်ဂျီးရီးယားအစိုးရကိုယ်စား မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် အဆွေတော်၏ လုပ်ငန်းဆောင်တာများ ဖြစ်ထွန်းအောင်မြင်ရန် လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ယခုကဲ့သို ပျော်ရွှင်ဖွယ်အခါသမယတွင် အယ်လ်ဂျီးရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရန်နှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များအပေါ် ဆွေးနွေးနိုင်ရန် နှစ်နိုင်ငံအကြား နိုင်ငံရေးရာဆွေးနွေးပွဲများ ထူထောင်ရန် မျှော်လင့်လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

No comments:

Post a Comment