နေပြည်တော် ဇန်နဝါရီ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ် ပညာရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးတက္ကသိုလ်သို့ သွားရောက်၍ စာသင်ခန်း များတွင် အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူနေကြသည့် လွိုင်ကော်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်တို့မှ ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား သည်။
ဆက်လက်ကြိုးစားနေရန်လို
တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အခက် အခဲဖြင့် ရင်ဆိုင်တွေ့ကြုံရသည့်တိုင်
စိတ်ဓာတ်မကျဘဲ ပညာအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ဆက်လက်ကြိုးစားနေရန်လိုကြောင်း၊
ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို
ပညာရေးဝန်ကြီးဌာန ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပံ့ပိုးဖြည့်ဆည်း
ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ အမှတ် (၁၃) အခြေခံပညာ အလယ်တန်းကျောင်း၊
အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာမူလတန်း ကျောင်းများသို့သွားရာက်၍
ကျောင်းအတွင်း တည်ဆောက်နေသည့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ
ဖြည့်ဆည်းဆောင်ရွက်ပေးကာ စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူ
များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ
တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ အမှတ်(၁)အခြေခံပညာ နှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း
သို့သွားရောက်၍ ကျောင်းအတွင်း စိုက်ပျိုးထားသည့် စိုက်ခင်းများ၊ တည်ဆောက်နေဆဲ စာသင်ဆောင်အဆောက်အအုံများကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကျောင်းစာသင်ခန်းများတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊
မွေးမြူရေးပညာရပ်များ အေးချမ်းစွာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများကို လှည့်လည်ကြည့်ရှုအားပေးပြီး
ကျောင်းသားကျောင်းသူများအနေဖြင့် သက်ဆိုင်ရာအခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များကို
အာရုံစူးစိုက်သင်ယူ၍ ထူးချွန်သည့်နိုင်ငံ့သားကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊
မိမိတို့ သင်ယူနေသည့်ဘာသာရပ်များသည် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်
အထောက်အကူပြုသဖြင့် ကြိုးကြိုးစားစား လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားကာ လိုအပ်သည်များ
ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment