နေပြည်တော် ဇန်နဝါရီ ၅
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု
အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် “မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ
တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှု
မြှင့်တင်ပေးနိုင်ရေးဆိုင်ရာစီမံကိန်း” ၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်
သိုလှောင်ထုပ်ပိုးခြင်း အလုပ်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက
နေပြည်တော်ရှိ ရုံးအမှတ် (၁၅) ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုညှိနှိုင်းကွပ်ကဲရေးအဖွဲ့
ဒုတိယဥက္ကဋ္ဌနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ၊ စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) ခုနစ်ဖွဲ့မှ
တောင်သူကိုယ်စားလှယ် များ၊ သမဝါယမအသင်းများ၊ နေပြည်တော်ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ ပျဉ်းမနားနှင့် လယ်ဝေးမြို့နယ်တို့မှ
မြို့နယ်စိုက်ပျိုးရေးတာဝန်ခံများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်
မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌတို့က
သိုလှောင်ထုပ်ပိုးခြင်းအလုပ်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍
ကမ္ပည်းမော်ကွန်း ကြေးပြားအား နံ့သာရည်ပက်ဖျန်းကြပြီး သိုလှောင်ထုပ်ပိုးခြင်း၊
လုပ်ငန်းသုံးပစ္စည်းကိရိယာများနှင့် လက်တွေ့သရုပ် ပြသနေမှုတို့ကို
လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံး
စုဝေးဆောင်ခန်းမ၌ ဆက်လက်ကျင်းပသည့် ရန်ပုံငွေနှင့် လုပ်ငန်း သုံးပစ္စည်းကိရိယာများပေးအပ်ပွဲအခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်ခဲ့သည့် သိုလှောင်ထုပ်ပိုးခြင်းအလုပ်ရုံတွင် စီမံကိန်းလုပ်ငန်းများ
ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် အခြောက်ခံစက်၊ လေစုပ်အိတ်ပိတ်စက်၊ နှီးဖြာစက်၊ မျှစ်လှီးစက်များကိုထားရှိပြီး
လုပ်ငန်းများလည်ပတ် နိုင်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ရေရှည်တည်တံ့စေရေးကို
အလေးပေး စီမံထားခြင်းဖြစ်ပါကြောင်း၊ ယခုစီမံကိန်းအောင်မြင်မှုများမှတစ်ဆင့်
ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်သည့်အဆင့်အထိ စဉ်ဆက်မပြတ်ပညာပေး
မျှဝေသွားနိုင်ရန် တိုက်တွန်းလိုပါကြောင်း၊ အဆိုပါလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်
စိတ်ဝင်စားမှုတူညီရာအဖွဲ့(CIGs)
များနှင့် သမဝါယမ အသင်းများသို့ မတည်ရန်ပုံငွေနှင့် လုပ်ငန်းသုံး
ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်၍ လက်ခံရရှိသည့်
စိတ်ဝင်စားမှုတူညီရာအဖွဲ့ (CIGs) များနှင့် သမဝါယမအသင်းများအနေဖြင့် ယင်း
လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများကို အကျိုးရှိစွာ အသုံးချသွားကြရန်
တိုက်တွန်းပါကြောင်းပြောကြား သည်။
အစီအစဉ်အရ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က
မဲခါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သော
“မျှစ်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ်
အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့်တင်ပေးနိုင်ရေးဆိုင်ရာစီမံကိန်း”
အရ သိုလှောင်ထုပ်ပိုးခြင်း အလုပ်ရုံဖွင့်ပွဲအခမ်းအနား ရန်ပုံငွေနှင့်
လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို
ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက
ပျဉ်းမနားမြို့နယ်အတွင်းရှိ အောင်ဘိသိတ်၊ မြသီတာ၊ ဆိတ်ဖူးတောင်၊ လွှက်တောင်နှင့်
နန်းလွင်စန်းကျေးရွာတို့ရှိ စိတ်ဝင်စားမှုတူညီရာအဖွဲ့ (ClGs) ခုနစ်ဖွဲ့မှ တောင်သူကိုယ်စားလှယ်များနှင့်
အလင်းရောင်သမဝါယမအသင်း၊ ငွေမြိုင်သမဝါယမအသင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊
ပျဉ်းမနားနှင့် လယ်ဝေး မြို့နယ်စိုက်ပျိုးရေးရုံးတို့ကို လုပ်ငန်းသုံးစက်ပစ္စည်းများနှင့် ရန်ပုံငွေများ
ပေးအပ်သည်။
ယခုစီမံကိန်း၏ ဆောင်ရွက်ချက်များအရ လုပ်ငန်းစိတ်ဝင်စားမှုတူညီရာအဖွဲ့
(CIGs) များနှင့်
သမဝါယမအသင်းများအား ရန်ပုံငွေနှင့် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ
ပေးအပ်ခြင်းအားဖြင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ကျေးလက်နေအိမ်ထောင်စုများ၏
အလုပ်အကိုင်နှင့် ဝင်ငွေရရှိမှု၊ ဒေသတစ်ခုချင်း၏ စားရေရိက္ခာဖူလုံမှု၊ လူမှုဘဝမြှင့်တင်နိုင်မှုနှင့်အတူ
နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ
အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment