နေပြည်တော် ဇန်နဝါရီ ၅
ကျန်းမာရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) တွင် တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲခန်းပညာရှင်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (Jiangsu CDC) သို့ ပညာတော်သင်စေလွှတ် ၍ ဓာတ်ခွဲခန်းဆိုင်ရာ ပညာရပ်များ လေ့ကျင့် သင်ကြားပေးလျက်ရှိရာ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနရှိ သင်တန်းခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်
(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာဌေးဌေးတင်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၊
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးဝန်ကြီးဌာန
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနစီမံကိန်းကို
တာဝန်ယူဆောင်ရွက်လျက်ရှိသော တရုတ်နိုင်ငံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းစု ပြည်နယ်မှ Mr. Zhou Minghao (Deputy Director of
Jiangsu Health Commission and Director of Jiangsu Provincial Bureau of Disease
Control and Prevention) က အမှာစကားပြောကြားသည်။
ဆက်လက်၍
ဒုတိယဝန်ကြီးက ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့်
ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနသည် ၂၀၂၄ ခုနှစ်
နှစ်ဆန်းပိုင်းတွင် ပြီးစီးမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက်
အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်ပါ ကြောင်း၊ Myanmar CDC အပါအဝင် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက်
တရုတ်နိုင်ငံ၏ ကူညီမှုများအတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ Myanmar CDC တွင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများပါဝင်သည်ဖြစ်ရာ
ဓာတ်ခွဲခန်းလုပ်ငန်းများ အပြည့်အဝဆောင်ရွက်နိုင်စေရေး တာဝန်ထမ်းဆောင်ကြမည့် ဓာတ်ခွဲပညာရှင်များအား
Jiangsu CDC သို့ စေလွှတ်ပညာသင်ကြားပေးသည့်အတွက် များစွာအကျိုးရှိပါကြောင်း၊ ယခု စေလွှတ်ထားသော
ပညာတော်သင် သင်တန်းသားများအနေဖြင့်လည်း ပြန်လည်ရောက်ရှိပါက Myanmar CDC တွင် လွန်စွာအရေးပါသော
အခန်းကဏ္ဍမှပါဝင်ရမည်ဖြစ်ရာ နည်းပညာရပ်ပိုင်းဆိုင်ရာများကို ကြိုးစား လေ့လာကြစေလိုကြောင်း
ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး Economic and Commercial
Department မှ တာဝန်ခံက အမှာစကားပြောကြား သည်။ ထို့နောက် Jiangsu CDC မှ Director
in Chief က သင်တန်းပို့ချနေမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံမှ
သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန
(Myanmar CDC) တွင် ဇီဝလုံခြုံမှုအဆင့် (၃) (Biosafety Level 3) ရှိ ဓာတ်ခွဲခန်းအပါအဝင်
နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ ပါဝင်မည်ဖြစ် ပြီး အဆိုပါဓာတ်ခွဲခန်းများ စနစ်တကျ
အပြည့်အဝ လည်ပတ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ ဓာတ်ခွဲ ကျွမ်းကျင်ပညာရှင် ၃၅ ဦးကို
၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Jiangsu CDC သို့ ခြောက်လကြာစေလွှတ်၍
သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment