Tuesday, January 2, 2024

ဒုတိယဝန်ကြီး ဦးရဲတင့် ပြန်ကြားရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 


ပဲခူး ဇန်နဝါရီ ၁

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်နှင့် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့သို့ ရောက်ရှိပြီး စာကြည့်တိုက်ရှိ စာငှား၊ စာဖတ်၊ ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကဝ၊ ဒိုက်ဦး၊ ဝေါ၊ သနပ်ပင်မြို့နယ် ဦးစီးမှူးများ၊ ပဲခူးမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ပဲခူးသတင်းဌာနခွဲတို့မှ တာဝန်ခံများ၊ ဝန်ထမ်းများအားတွေ့ဆုံ၍ အသိပညာပေးလုပ်ငန်းများကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရေး၊ ကြီးကြပ်ကွပ်ကဲမှုနည်းနည်းဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ရေး၊ ဝန်ထမ်းကောင်းပီသစွာဖြင့် သစ္စာရှိရှိ တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် ကြိုးစားဆောင်ရွက်ရေးတို့ကို မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment