Tuesday, January 2, 2024

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ညောင်ပင်ကွင်းကျေးရွာကို နှစ်သစ်ကူးချိန်တွင် တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ဇန်နဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ ညောင်ပင်ကွင်းကျေးရွာကို နှစ်သစ်ကူးချိန်တွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာထဲမှ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အကြမ်းဖက်သမားများကပစ်ခတ်

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် တနင်္သာရီတိုင်းဒေသကြီး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တနင်္သာရီမြို့ ညောင်ပင်ကွင်းကျေးရွာအနီးရှိ နယ်မြေခံတပ်ရင်း အား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မဟုတ်မမှန်ရေးသားဖြန့်ဝေ

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ၎င်းတို့၏ လုပ်ရပ်များကိုဖုံးကွယ်ရန်နှင့် တပ်မတော်အပေါ် ဂုဏ်သိက္ခာကျဆင်းစေရန်၊ ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်တို့အတွက် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment