Monday, January 1, 2024

အသိပေးနှိုးဆော်ချက်


(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ၂-၁-၂၀၂၄ ရက်နေ့ ၀၄၀၀ အချိန်တွင် ပြည်သူ့ရင်ပြင်၌ အစမ်းလေ့ကျင့်ခြင်းနှင့် ၄-၁-၂၀၂၄ ရက်နေ့ ၀၄၀၀ အချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပစဉ်အတွင်း ပြည်လမ်းကို ခေတ္တပိတ်ထားမည်ဖြစ်သဖြင့် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်သွားလာသော ယာဉ်များသည် မြေနီကုန်းမီးပွိုင့်တွင် ညာဘက်သို့ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသောယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းဘက်သို့ချိုးကွေ့၍ ဗဟိုလမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့လည်းကောင်း ဆက်လက်မောင်းနှင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

No comments:

Post a Comment