Monday, January 1, 2024

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူးဩဝါဒကထာ

 


ဘဝတု သဗ္ဗမင်္ဂလာ မင်္ဂလာရှိကြပါစေ၊ မင်္ဂလာရှိအောင်နေကြပါ။ ဆုပေးစကားနဲ့ အဆုံးအမစကားနှစ်မျိုးမှာ ဆုပေးစကားကို နှစ်သက်ကြသလို အဆုံးအမစကားကိုလည်း တန်ဖိုးထားကြပါ။ မင်္ဂလာရှိအောင်နေပါ။ မြတ်စွာဘုရားရဲ့ မင်္ဂလသုတ္တံတရားတော်မှာ မင်္ဂလာရှိအောင်နေဖို့ (၃၈)မျိုး မိန့်တော်မူခဲ့တယ်။ အဲ့ဒီအထဲကမှ မာတာပိတုဥပဋ္ဌာနံ မိဘကိုပြုစုလုပ်ကျွေး၊ မေတ္တာဆိုတာ မိခင်/အမေပါပဲ။ ပညာဆိုတာ ဖခင်/ ဆရာသမားလည်းဟုတ်တယ်၊ ဖခင်လည်းဟုတ်တယ်၊ မိဘကို ပြုစုလုပ်ကျွေး၊ လောကမိဘကို ပြုစုစောင့်ရှောက်တာလည်း မင်္ဂလာရှိသလို မေတ္တာတရားလည်း မွေးမြူကြပါ စောင့်ရှောက်ကြပါ။ အားလုံးအပေါ် မေတ္တာထားကြပါ၊ ပညာဉာဏ်ကိုလည်းရှာဖွေကြပါ၊ တိုးပွားအောင်ကြိုးစားကြပါ၊ မိမိသန္တန်မှာ မေတ္တာ/ပညာကို ပြုစုစောင့်ရှောက်ကြီးပွားတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ လောကမိဘတွေကိုလည်း စိတ်ချမ်းသာကိုယ်ကျန်းမာဖြစ်အောင် ပြုစုစောင့်ရှောက်နိုင်တာဟာ အလွန်မင်္ဂလာရှိတဲ့တရားပါပဲ မင်္ဂလာရှိအောင် နေနိုင်ကြပါစေကုန်သတည်း။

No comments:

Post a Comment