Tuesday, January 2, 2024

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် တောင်မော်ရွာကို တပ်မတော်ကလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး နှလုံးရပ်သေဆုံးပြီး နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် တောင်မော်ရွာကို ဒီဇင်ဘာ ၃၀ ရက်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှလက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး နှလုံးရပ် သေဆုံးပြီး နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာ ၃၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိကြောင်း သိရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကျေးရွာများမှ ပြည်သူများကို ဦးတည်လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ကို အားပေးထောက်ခံမှုမရှိသည့် ပြည်သူများ၊ နယ်မြေတည်ငြိမ်အေးချမ်းမှုကိုလိုလားပြီး အကြမ်းဖက်လုပ်ရပ်များကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူများကို ခြိမ်းခြောက်သတ်ဖြတ်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် တပ်မတော်အပေါ် အပြစ်ပုံချကာ ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment