Monday, January 1, 2024

၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အကြိုလှုပ်ရှားမှုအဖြစ် ကျင်းပမည့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အလွတ်တန်းနှင့် ဝါသနာရှင်အဆင့် ဆောင်းပါးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

၁။ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ စုစုပေါင်း ၁၅ရက် ကြာ ကောက်ယူမည်ဖြစ်ပါသည်။ ယင်းလုပ်ငန်း၏ အကြိုလှုပ်ရှားမှုအဖြစ် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ အလွတ်တန်းနှင့် ဝါသနာရှင်အဆင့် ဆောင်းပါးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ပြိုင်ပွဲဝင်များ၏ဆောင်းပါးများတွင် အောက်ဖော်ပြပါအဓိကအချက်များ ထည့်သွင်းရေးသားသင့်ပါသည် -

(က) သန်းခေါင်စာရင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူတိုင်းပါဝင်ခွင့်ရသည့် တစ်ခုတည်းသော လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြည်သူလူထု ဗဟုသုတ အဖြစ်သိရှိရန်

(ခ) ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းအထိမ်းအမှတ် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင် စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူများ အနေဖြင့် စာရင်းကောက်များ၏ မေးမြန်းချက်များအပေါ် မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပြည်သူများ ပူးပေါင်း ကူညီပါဝင်ဆောင်ရွက်နိုင်ရန်

(ဂ) လူဦးရေသန်းခေါင်စာရင်းသည် နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များ အတွက်မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော်ရာတွင် အခြေခံအသုံးပြုရ သည့် စာရင်းအင်းအချက်အလက်များအနက် အဓိကကျသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြည်သူလူထု သိရှိနားလည်ရန်

(ဃ) ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူလူထု ကျယ်ပြန့်စွာသိရှိလျက် ယင်းလုပ်ငန်း အောင်မြင်စွာ ပြီးမြောက်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန်

၂။ ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က)     အလွတ်တန်းအဆင့်ပြိုင်ပွဲ

- အသက် ၃၀ နှစ်နှင့်အထက် ပြိုင်ပွဲဝင်များ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်၊

- ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ ဖြစ်ရမည်၊

- ကွန်ပျူတာစာလုံး (Pyidaungsu) စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မ ပတ်လည် (Margins 1" ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်၊

- အခြားမှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်ဖန်တီးရေးသားထားသော စာမူရင်းဖြစ်ရမည်၊

- အခြားပြိုင်ပွဲများတွင် ဆုရရှိပြီးသော၊ ပုံနှိပ်ဖော်ပြထားသော စာမူများမဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသားထားသော ကာယကံရှင်လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက်အကျဉ်း တို့ကို ဆောင်းပါးနှင့်အတူ ပေးပို့ရမည်။

(ခ) ဝါသနာရှင်အဆင့်ပြိုင်ပွဲ

- အသက် ၁၄ နှစ်မှ ၂၉ နှစ်အတွင်း ပြိုင်ပွဲဝင်များဝင်ရောက် ယှဉ်ပြိုင်နိုင်သည်၊

- ပြိုင်ပွဲဝင်ဆောင်းပါးများကို A4 စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၁၀ မျက်နှာအထိ ဖြစ်ရမည်၊

- ကွန်ပျူတာစာလုံး (Pyidaungsu) စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် ၁ လက်မ ပတ်လည် (Margins 1" ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်၊

- အခြားမှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်ဖန်တီးရေးသားထားသော စာမူရင်းဖြစ်ရမည်၊

- အခြားပြိုင်ပွဲများတွင် ဆုရရှိပြီးသော၊ ပုံနှိပ်ဖော်ပြထားသော စာမူများမဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသားထားသော ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက်အကျဉ်းတို့ကို ဆောင်းပါးနှင့်အတူ ပေးပို့ရမည်။

၃။ ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင် စာမူ (Hard + Soft Copy)(Word+ Pdf) တစ်စုံစီ၊ ပြိုင်ပွဲဝင်အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ ကာလာဓာတ်ပုံ နှစ်ပုံ (Passport Size)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန်တကယ်အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ စာတည်းမှူးချုပ်၊ စာပေဗိမာန်ရုံး၊ ၃၇ လမ်း နှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊ ဖုန်း ၀၁-၃၈၇၇၂၄၊ ၀၁-၃၈၁၄၄၉ သို့လည်းကောင်း၊ အီးမေးလ်လိပ်စာ sarpaybeikman.sarpaybeikman@gmail.com သို့လည်းကောင်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်(ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ဆက်သွယ် ပေးပို့နိုင်ပြီး အသေးစိတ်ကို စာပေဗိမာန် Website (www.sarpay-beikman-pol.gov.mm) နှင့် Facebook Page များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သတ်မှတ်ရက်ကျော်လွန်ပြီး စည်းကမ်းချက်များနှင့် မပြည့်စုံသောဆောင်းပါးများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ဆုရစာမူများကို တရားဝင်အသုံးပြုခွင့်ပေးရန်နှင့် ဆုရွေးချယ်ခြင်း မခံရသော ဆောင်းပါးများကို ပြန်လည်ပေးပို့မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။)

၄။        ဆုရရှိသူများစာရင်းကို အစိုးရသတင်းစာများတွင် လည်းကောင်း၊ စာပေဗိမာန်၏ Website နှင့် Facebook Page များတွင်လည်းကောင်း ကြေညာသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် မတ်လနောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

စာပေဗိမာန်

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန

No comments:

Post a Comment