Tuesday, January 2, 2024

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

 


နေပြည်တော် ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် အိုက်စ်(မက်သ်အဖက်တမင်း) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက် ဒိုးဝိုင်းချောင်းအနီးတွင် သိန်းဇော် မောင်းနှင်ပြီး မန့်ရှင်းတွောင်လိုက်ပါလာသည့် LIFAN အမျိုးအစား သုံးဘီးဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၃ ဒသမ ၇၅ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၂၉ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment