Tuesday, January 2, 2024

နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ဥပ္ပါတသန္တိရွတ်ဖတ်ပူဇော်ပွဲ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်ကြည်ညို

 


နေပြည်တော် ဇန်နဝါရီ ၁

နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း၌ ယနေ့ အလှည့်ကျဝတ်ရွတ်အသင်းဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝတ်ရွတ်အသင်းက ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်နေမှုကို ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့်အဖွဲ့ လာရောက်ကြည်ညိုကြသည်။

 


စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီအား ဖူးမြော်ကြည်ညို၍ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။

ဥပ္ပါတသန္တိပါဠိတော်ကျမ်းမြတ်ကို နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အရှေ့ဘက်အာရုံခံတန်ဆောင်း၌ ဇန်နဝါရီ ၁ ရက်မှစ၍ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာဝတ်ရွတ်အသင်းများ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တို့မှ ဝတ်ရွတ်အသင်းများက နေ့စဉ်အလှည့်ကျ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် မဟာဗောဓိမြိုင်ကျောင်းတိုက်၌ ကျင်းပသည့် ဥပ္ပါတသန္တိပါဠိရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် မဟာဗောဓိမြိုင်ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တကေလာသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက မဟာဗောဓိမြိုင်ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တကေလာသထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နေပြည်တော် ဇေယျာသီရိမြို့နယ် မဟာဗောဓိမြိုင်ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တကေလာသထံမှ ပရိသတ်များက အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ မဟာဗောဓိမြိုင်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော မဟာဗောဓိမြိုင်အောင်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ အလှူတော်ငွေများ ပေးအပ်လှူဒါန်းသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ် မဟာဗောဓိမြိုင်ကျောင်းတိုက်တွင် ကျင်းပသည့် ဥပ္ပါတသန္တိပါဠိ ရွတ်ဖတ်ပူဇော်ပွဲကို သံဃာတော်အရှင်သူမြတ် ၁၂ ပါးတို့က ဇန်နဝါရီ ၁ ရက်မှ ၅ ရက်အထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment