Tuesday, December 5, 2023

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း၊ PPTT အမှတ်စဉ် (၁ဝ/၂ဝ၂၃) နှင့်လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ်ပထမနှစ်တို့၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၅

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ပထမနှစ်) မောင်မယ်သစ်လွင်များနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၃) သင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဒီဂရီကောလိပ် ပညာညီလာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

 

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက တို့ဆရာသီချင်းဖြင့် သီဆို​ဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နိုင်ငံတစ်နိုင်ငံရဲ့တည်ဆောက်ရေး၊ ခေတ်မီရေး၊ ရှင်သန်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် အခြေခံအုတ်မြစ်မှာ ပညာရေးဖြစ်ပြီး ပညာသင်ကြားရေး၏ ရည်မှန်းချက်မှာ နိုင်ငံတစ်နိုင်ငံ၏ အဖူး၊ အညွန့်များဖြစ်ကြသည့် ကလေးသူငယ်တို့အား ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြက်သော ဉာဏ်၊ မြင့်မြတ်သော အကျင့်စာရိတ္တတို့နှင့်ပြည့်စုံစေ၍လူသားအချင်း ချင်းစုရုံးပြီး အပေါင်းအသင်း နှင့်စုဝေးနေထိုင်လုပ်ကိုင် ဆောင်ရွက်သွားတတ်ကြစေရန် အခြေခံအားဖြင့် ပြုစုပျိုးထောင်ပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့လူ့စွမ်းအား အရင်းအမြစ်များဖြစ်တဲ့ ကျောင်းသားလူငယ်များကို ဗလငါးတန်ပြည့်ဝသော နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးရမည့် သူများလည်းဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ ပြိုင်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသူအား ဂုဏ်ပြုဆုငွေပေးအပ်ခဲ့သည်။

ယင်းနောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်းတွင် ဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများက ပြည့်ရတနာ သီချင်းဖြင့် ကပြဖျော်ဖြေနေမှုကိုလည်းကောင်း၊ Fitness dance အကဖြင့်ဖျော်ဖြေတင်ဆက်ခြင်းကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများက သာစွဌာနေရာမညမြေသီချင်းဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများက ဒို့ကျောင်းတော်၏အနာဂတ်ကြယ်ပွင့် သီချင်းဖြင်းလည်းကောင်း သီဆိုဖျော်ဖြေကပြနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments:

Post a Comment