Tuesday, December 5, 2023

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တောင်သူများနှင့် တွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

 

ငပုတော ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက ငပုတောမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စု တောင်သူမြင့်မြင့်အေး၏ လယ်မြေတွင် ကျင်းပပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)နှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တောင်သူများနှင့်တွေ့ဆုံကာ လာမည့်မိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝစိုက်ပျိုးမည်ဖြစ်၍ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမည့်သီးနှံများအောင်မြင်စေရေး၊ စိုက်ဧကများပြည့်မီရေးနှင့် ဆီဖူလုံမှုရရှိစေရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က ဆီထွက်ဆောင်းသီးနှံနေကြာ စိုက်ပျိုးခြင်းနှင့် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)၊ စိုက်ပျိုးနေမှုနှင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရံပုံငွေ (၁၀.၀၀၀)ကျပ်သန်းဖြင့် ဆောင်ရွက်သည့် ငပုတောမြို့နယ်ရွာအဝင်လမ်းဘေး(ဝဲ)မြောင်းတူးဖော်နေမှုအား ကြည့်ရှု့စစ်ဆေးကာ တာဝန်ရှိသူများထံ လိုအပ်သည်များကို မှာကြားပြီး ဖျန်ရေကျော်ကျေးရွာရှိ ပိုက်‌ဆံလျှော် မျို့စေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငပုတောမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ခွင့်ပြုငွေလုံးငွေရင်းရံပုံငွေကျပ် (၁၈၆.၀၀၀)သန်းဖြင့် ဆောင်ရွက်သည့်  အုန်းပင်စု-သက္ကယ်ချောင်းလမ်း ကွန်ဂရစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု့အားပေးပြီး လမ်းပခုံး၊ လမ်းဘေး (ဝဲ၊ ယာ) ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)

No comments:

Post a Comment