Tuesday, December 5, 2023

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ဥက္ကလာပ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် ပဒေသာ အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာဓိဌာန် (၄) ချက်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဘင်ခရာ အဖွဲ့နှင့် ရှမ်းအိုးစည်အကအဖွဲ့တို့အား ဆုတော်ငွေများချီးမြှင့်ကာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ သည်။

ဘောလုံးပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဘောလုံးဝါသနာရှင်မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား (၁၄) ခရိုင်အတွင်းရှိ ဝါသနာရှင်‌ ဘောလုံးအားကစားသမားများမှ အုပ်စုအလိုက် ဒီဇင်ဘာဘာလ (၄) ရက်နေ့မှ (၁၉) ရက်နေ့အထိ ယှဥ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)

No comments:

Post a Comment