Sunday, December 31, 2023

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နှင့် မလှိုင်မြို့တို့ရှိ လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများကို အကြမ်းဖက်သမားများမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သဖြင့် ၆ ဦး ကျဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာလ ၃၁

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာတို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးအဖွဲ့များအား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သား ၆ ဦး ကျဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media - လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မလှိုင်မြို့နှင့် နွားထိုးကြီးမြို့တို့တွင် လုံခြုံရေးတပ်ဖွဲ့များအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုမရှိကြောင်း သိရှိရပါသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်လျက် အကြမ်းဖက်သမားများထံမှ ပေးပို့သည် သတင်းဓာတ်ပုံအဟောင်းများနှင့် Video အဟောင်းများကို အသုံးပြု၍ သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment