Sunday, December 31, 2023

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်အုပ်စု၊ လက်ပံပင်ပြန့်ကျေးရွာရှိ စာသင်ကျောင်းနှင့် ယာတဲများကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ခဲ့ကြောင်း မဟုတ်မမှန် သတင်းများကို လုပ်ကြံရေးသားပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ညောင်လေးပင်အုပ်စု၊ လက်ပံပင်ပြန့်ကျေးရွာရှိ စာသင်ကျောင်းနှင့်ယာတဲများကို လုံခြုံရေးတပ်ဖွဲ့များက ဒီဇင်ဘာလ ၃၀ ရက်တွင် မီးရှို့ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နတ်တလင်းမြို့နယ်၊ လက်ပံပင်ပြန့်ကျေးရွာအား PDF အမည်ခံအကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးမှုများနှင့် ခြိမ်းခြောက်လူသတ်၊ ငွေကြေးတောင်းခံမှုများရှိကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆောက်အဦများကို မီးရှို့မှုများမရှိကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် လူနေအိမ်များအတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ဖြင့် ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာကွယ်ယူ၍လုပ်ဆောင်ခြင်းနှင့် ဆုတ်ခွာထွက်ပြေးရာတွင်လည်း နေအိမ်များကိုမီးရှို့လျက်ရှိပြီး ၎င်းတို့၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment