Tuesday, December 5, 2023

ဇမ္ဗူသီရိမြို့နယ်၌ အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

 

ဇမ္ဗူသီရိ ဒီဇင်ဘာ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မြို့တော်ခန်းမရှေ့ရှိ ပျဉ်းမနား-တောင်ညိုကားလမ်းမ၌ ယမန်နေ့ ညနေပိုင်းက အလုံးစုံပျက်သုဉ်းရေး လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲသို့  ဝန်ရံအားပေးသော ပြည်သူအပေါင်းတို့သည် “နိုင်ငံတော်ကာကွယ်ရေး နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်၊ အကြမ်းဖက်အဖွဲ့များအား ပံ့ပိုးပေးနေမှုများ ချက်ချင်းရပ်၊ အကြမ်းဖက်သောင်းကျန်းသူများနှင့်အတူ CRPH၊ NUG၊  PDF အကြမ်းဖက်အဖွဲ့များ ပူးပေါင်းဖော်ဆောင်နေသော အလုံးစုံပျက်သုန်းရေးလမ်းစဉ် ချက်ချင်းရပ်၊ ပြည်ထောင်စုပြိုကွဲမည့်အကြံ ဒို့လက်မခံ၊ အကြမ်းဖက်အဖွဲ့အစည်းများပပျောက်ရေး ဒို့အရေး၊ အကြမ်းဖက်အဖွဲ့များအား နောက်ကွယ်မှ ပံ့ပိုးပေးနေသည့် အနောက်နိုင်ငံများအား အလိုမရှိ၊ အလုံးစုံပျက်သုန်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များအား အလိုမရှိ”စသည်တို့အား စုပေါင်းကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ကိုအောင် (ဇမ္ဗူသီရိ)

No comments:

Post a Comment