ပဲခူး ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ ပြောင်းဆံများဖမ်းဆီး ရမိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး (၂) မျိုးဖြင့် ဆေင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့နှင့် ဘုရားကြီးမြို့တို့သည် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နေသာ လမ်းကြောင်းများဖြစ်သည့် မြဝတီ-ဘားအံ- ရန်ကုန်လမ်းကြောင်း၊ မူဆယ်-လားရှိုး-မန္တလေး-ရန်ကုန်လမ်းကြောင်းတို့ဖြင့် ကုန်သွယ်မှုပြုရာတွင် အဓိကကျသည့် လမ်းဆုံမြို့ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများရရှိစေရန်၊ ဥပဒေဘောင်အတွင်းမှ ကုန်သွယ်မှုဆောင်ရွက်သူများတွက် ဈေးကွက်ယှဉ်ပြိုင်မှု မျှတမှုရှိစေရန် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များဖွဲ့စည်းပြီး တရားမဝင် တင်သွင်း/တင်ပို့မှုများကို ရှာဖွေဖော်ထုတ်စစ်ဆေးအရေးယူရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ တာဝန်ပေးအပ်ခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ရန်ရည်ရွယ်ချက်ဖြင့် သယ်ဆောင်လာခဲ့သော ပြောင်းဆံ (၂၃၀၈၅) အိတ် (တန်ဖိုးငွေ-၈၁၇,၂၂၁,၃၁၀) အား ဖမ်းဆီးရမိခဲ့အတွက် တရားမဝင်တင်ပို့သည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဥပဒေနှင့်အညီ အမှုဖွင့်တရားစွဲဆို ဆောင်ရွက်နိုင်ခဲ့သလို အင်တိုက်အားတိုက် တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဝန်ထမ်းများကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ ဥက္ကဋ္ဌနှင့် ဖမ်းဆီးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ပဲခူးတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ တိုင်းဒေသကြီးဥပဒေချုပ်တို့က ဖမ်းဆီးရေးတွင်ပါဝင်ဆောင်ခဲ့သည့် ဌာနဆိုင်ရာများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးတရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်မှူကြီး အောင်သောင်းထိုက်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဦးဆောင်မှုလမ်းညွှန်မှု၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ပဲခူးတိုင်းဒေသကြီးတရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၆၆၄၀) ကျော်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုဝင်ဘာလကုန်အထိ ငွေကျပ် (၅၄၂၃) သန်းကျော် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)
No comments:
Post a Comment