နေပြည်တော် ဒီဇင်ဘာ ၂၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လတ်တလော ကိုဗစ်-၁၉ ရောဂါသည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့
ကျန်းမာရေး အရေးပေါ်အခြေအနေမှ ရုပ်သိမ်းခဲ့ပြီးဖြစ်သော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်း
အချို့နိုင်ငံများတွင် ဖြစ်ပွားမှုများ ပြန်လည်မြင့်တက်လျက်ရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန
အနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန်
အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း
လတ်တလော ဖြစ်ပွားမှုအခြေအနေ၊ မျိုးရိုးဗီဇပြောင်းရောဂါပိုးထပ်မံတွေ့ရှိမှု၊ မြန်မာနိုင်ငံတွင်
လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေသုံးသပ်ချက်များနှင့် ကာကွယ်ထိန်းချုပ်ရေး
ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ကာကွယ်ဆေး ထိုးနှံမှု၊ ဆက်လက်ထိုးနှံမည့် အစီအစဉ်
များ၊ ကိုဗစ်-၁၉ ရောဂါ ဆေးနှင့် ဆေးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ပြည်သူ့ဆေးရုံများတွင်
ပြင်ဆင်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment