Saturday, December 23, 2023

နိုင်ငံခြားရေး၀န်ကြီးဌာန၏ သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်​ဝေ


 

ရန်ကုန် ဒီဇင်ဘာ ၂၂

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်သော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်​ဝေခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ စာမူရှင်များ၊ သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) ထုတ်​ဝေရေး ကော်မတီဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကြော်ငြာ ရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်​ဝေခဲ့ပြီး ယခုထုတ်​ဝေသော သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၃ ခုနှစ်) သည် (၂၆) ကြိမ်မြောက် ထုတ်​ဝေသော စာအုပ်ဖြစ်ကြောင်းနှင့် အဆိုပါမဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှုမှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက သံတမန်ရေးရာ၊ နိုင်ငံတကာ ရေးရာများနှင့် အတွေ့အကြုံဗဟုသုတများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် သုတ၊ ရသ စုံလင်စွာ ရေးသားဖော်ပြထား ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment