Saturday, December 23, 2023

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


 

နေပြည်တော် ဒီဇင်ဘာ ၂၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း တွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံကို ကြည့်ရှုစစ်ဆေးပြီး စက်ရက်ကန်း၊ လက်ရက်ကန်း၊ ရွှေချည်ထိုးငွေချည်ထိုးသင်တန်း လက်တွေ့သင်ကြားနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝ မြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော မန္တလေးနို့ချက်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းရရှိရေး၊ နို့ဆီအရည်အသွေးကောင်းမွန်ရေးနှင့် ဈေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun(Good Brother’s) ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော တန် ၁၅၀ ဆန်စက် တည်ဆောက်နေမှုကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး၊ ကုန်ကြမ်းအဆင်သင့်ရရှိရေး၊ စပါးစိုက်တောင်သူများနှင့် ချိတ်ဆက် ဆောင်ရွက်ရာတွင် တောင်သူများလိုအပ်သည့် သွင်းအားစု၊ နည်းပညာများကို သမဝါယမအသင်းများနှင့် ကူညီပူးပေါင်းဆောင်ရွက်ပေးရေး မှာကြားပြီး ဆန်စက်ရုံတည်ဆောက်မည့် မြေနေရာ၊ သဘာဝမြေဩဇာထုတ်လုပ်နေမှု၊ နို့ချက်စက်ရုံအတွင်း ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး) ၌ ကျောင်းသားကျောင်းသူများအား စာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးပြီး သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး) သို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်

No comments:

Post a Comment