Monday, December 11, 2023

ရန်ကုန်မြို့တော်ဝန် မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်း များ ကွင်းဆင်းစစ်ဆေး


 

ရန်ကုန် ဒီဇင်ဘာ ၁၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၄) ရပ်ကွက် ဘုရင့်နောင်တံတားအောက်၌ ပန်းခြံတည်ဆောက်နေမှု၊ အမှတ်(၆)ရပ်ကွက် အောင်မင်္ဂလာလမ်းနှင့် ရန်ကုန်-ပုသိမ်လမ်းသို့ ဆက်သွယ်သည့် ကွန်ကရစ်တံတားတည်ဆောက်နေမှုနှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံဝင်းအတွင်း မိုးစပါးရိတ်သိမ်း ခြွေလှေ့ပြီးစီးမှုနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ မြို့တော်ဝန်သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် (၈) ရပ်ကွက် မကွေးလမ်းရှိ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) ကွန်ကရစ်ဖျော်စက်ရုံဝင်းအတွင်း ကြက်မွေးမြူထားရှိမှု၊ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက် အောင်ဇေယျတံတားအောက် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန အင်းစိန်/ မရမ်းကုန်း ခရိုင်ရုံးဝင်းအတွင်း ဥစားကြက် မွေးမြူ ထားရှိမှုနှင့် မင်္ဂလာဒုံမြို့နယ် ပြည်လမ်းနှင့် ခရေပင်လမ်းဆုံတွင် လမ်းသားတိုးချဲ့ဆောင် ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က မြေယာရှုခင်း ပြုပြင်ဆောင်ရွက်ရေးနှင့် ပန်းခြံရုပ်လုံးပေါ်လာစေရေး အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရေး၊ ဓာတ်အားလိုင်းနှင့် ဖုန်းကြိုးများ အမြင်တင့်တယ်အောင် ပြုပြင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သဘာဝမြေသြဇာ Mass Production တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ လှိုင်မြစ်ကမ်းထိန်းသိမ်းရန် လမုပင်များတိုးချဲ့စိုက်ပျိုးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန် စံညွှန်းပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment