နေပြည်တော် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် ဌာနဆိုင်ရာရုံးများ၊ စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များကိုသာ လျှပ်စစ်မီးပုံမှန်ဖြန့်ဝေပေးပြီး အခြားမြို့တွင်းရပ်ကွက်များကို အလှည့်ကျမီးပေးသည့်ပုံစံဖြင့် ပေးဝေလျက်ရှိကြောင်း သတင်းတု၊ သတင်းမှားများကို ပြည်ဖျက်မီဒီယာ Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်းများအပါအဝင် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုဆိုင်ရာ ရုံး၊ ဌာများကို လျှပ်စစ်မီးပုံမှန် ပေးဝေလျက်ရှိပြီး အခြားနေရာများသို့လည်း အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်းနှင့် မည်သည့်ပုဂ္ဂိုလ်၊ လုပ်ငန်းရှင်များကိုမှ ငွေကြေးတောင်းခံ၍ လျှပ်စစ်မီးပေးဝေနေခြင်းမရှိကြောင်း ဝါးခယ်မမြို့နေ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ထိခိုက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ လျှပ်စစ်ဓာတ်အားပေးဝေမှုဆိုင်ရာ အဆောက်အဦများ၊ လျှပ်စစ်တာဝါတိုင်များကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကြောင့် အချို့မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားလျော့နည်း၍ အလှည့်ကျပေးဝေနေရခြင်းအပေါ် တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းမှားများ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment