Thursday, December 21, 2023

လွိုင်ကော်ထောင် အကျဉ်းသားတွေ ရိက္ခာနဲ့ဆေးဝါး ပြတ်လပ်လုနီးပါးဖြစ်နေဟု သတင်းတု သတင်းမှားများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိ

 


နေပြည်တော် ဒီဇင်ဘာ ၂၁

ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်ရှိ အကျဉ်းသားများအတွက် ရိက္ခာနှင့်ဆေးဝါး အရေးတကြီး အကူအညီလိုအပ်နေသည်ဟု RFA နှင့် Delta News Agency တို့မှ မဟုတ်မမှန် ကောလာဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရသည်။

 


အဆိုပါသတင်းနှင့်ပတ်သက်၍ “သတင်းအမှားသာဖြစ်ကြောင်း၊ အခြေခံရိက္ခာများ၊ အပိုဆောင်း ရိက္ခာများနှင့်ဆေးဝါးများ လုံလောက်မှုရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အပြည့်အဝ ဆောင်ရွက်ပေးလျက်ရှိကြောင်းကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများကို ထိခိုက်စေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ သတင်းတု သတင်းမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment