နေပြည်တော် ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာရှိနေအိမ်များကို မီးရှို့နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဝန်းသိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ဝင်းကြီးကျေးရွာတွင်လည်း မီးလောင်ခဲ့မှုမရှိကြောင်းနှင့် လုပ်ကြံသတင်းအမှားသာဖြစ်ကြောင်း သိရှိရပါသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအကြား အထင်အမြင်လွှဲမှားစေရန်နှင့် ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်လာစေရန် သတင်းတု၊ သတင်းအမှားများအား မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment