နေပြည်တော် ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များမီးလောင်နေပြီး ရမ်းဗြဲမြို့ရှိ နေအိမ်များကိုလည်း တပ်မတော်က မီးရှို့ဖျက်ဆီးနေကြောင်း တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
၎င်းသတင်းနှင့်ပတ်သက်၍
သက်ဆိုင်ရာနယ်မြေအလိုက် လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်များအရ တပ်မတော်မှ ပေါက်တောမြို့သို့
လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းမရှိကြောင်းနှင့် ရမ်းဗြဲမြို့အတွင်းရှိ နေအိမ်များကိုလည်း
မီးရှို့ဖျက်ဆီးခြင်း မရှိကြောင်းသိရှိရပြီး AA သောင်းကျန်းသူအဖွဲ့များက ပေါက်တောမြို့နှင့်
ရမ်းဗြဲမြို့ပတ်ဝန်းကျင်တွင် ခိုအောင်းလှုပ်ရှားနေပြီး အခွင့်သာသည့်အချိန်တွင် မြို့/ရွာများကို
လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဝင်ရောက်မီးရှို့ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း
သိရှိရသည်။
အကြမ်းဖက်အားပေး
တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် AA သောင်းကျန်းသူ အဖွဲ့၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊
တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှား စေရန်နှင့် နိုင်ငံတကာစာမျက်နှာများပေါ်တွင်
တပ်မတော်ပုံရိပ်များကျဆင်းစေရန်အတွက် ကောလာဟလ သတင်းတု၊ သတင်းအမှားများကို အချိန်ကိုက်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment