Saturday, December 30, 2023

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို လုပ်ကြံရေးသားပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာလ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာတို့ကို ဒီဇင်ဘာလ ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်လာပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် မီးမရှို့ခင် နေအိမ်များအတွင်း ဝင်ရောက်မွှေနှောက်ပြီး ရွှေ၊ ငွေနှင့် ဆိုင်ကယ်အပါအဝင် တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မယူဆောင်သွားကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် လောင်းလုံးမြို့နယ်တွင် တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် လူနေအိမ်များအတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ဖြင့် ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာကွယ်ယူ၍ လုပ်ဆောင်ခြင်းနှင့် ဆုတ်ခွာထွက်ပြေးရာတွင်လည်း နေအိမ်များကိုမီးရှို့လျက်ရှိပြီး ၎င်းတို့၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment