Monday, December 25, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဇနီးဒေါ်သန်းသန်းနွယ် သန်လျင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး၊ တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်မှုအနုပညာပြခန်းကြည့်ရှုအားပေး

 

နေပြည်တော် ဒီဇင်ဘာ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဇနီး ဒေါ်သန်းသန်းနွယ်သည် ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများကို သွားရောက်ကြည့်ရှု အားပေးသည်။



ထောက်ပံ့ငွေများ ပေးအပ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ဇနီးဒေါ်သန်းသန်းနွယ်သည် အဖွဲ့ဝင်များနှင့်အတူ သန်လျင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍သားဖွားဆောင်နှင့် ကလေး ကုသဆောင်တွင် တက်ရောက်ကုသလျက် ရှိသော မိသားစုဝင်များအား တစ်ဦးချင်းရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးလိုက်လံ မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၏ ဇနီးနှင့်အဖွဲ့ဝင်များသည် သီရိမဟာဇေယျကျော်ထင်ခန်းမ၌ (၇၆) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ် လည်နေ့အထိမ်းအမှတ် လက်မှုအနုပညာပြခန်းသို့ သွားရောက်ကြည့်ရှုပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် တပ်မတော်(ရေ) မိသားစုဝင်များ ဖန်တီးပြုလုပ်ထားသော အိမ်တွင်းမှု လက်မှု အနုပညာပစ္စည်းပြခန်းများ၊ ပိတ်ပန်းချီကားများ၊ တပ်မတော်(ရေ) မိသားစုဝင်များ ဒီဇိုင်းရေးဆွဲပုံဖော်ချုပ်လုပ်ထားသည့် ဝတ်စုံများဝတ်ဆင်၍ သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြသည်။

ရန်ပုံငွေများပေးအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီး ဒေါ်သန်းသန်းနွယ်က မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း သို့ ရန်ပုံငွေများပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးကလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


No comments:

Post a Comment