Thursday, December 21, 2023

ဒီပဲယင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသော စစ်ကြောင်းတစ်ခုအား ရွာသစ်(ငြိမ်းချမ်း)ရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရ၍ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းတစ်ခုအား ဒီဇင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းတွင် ရွာသစ်(ငြိမ်းချမ်း)ရွာအနီး၌ အကြမ်းဖက်သမားများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းတိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သား ၃ ဦး ကျဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်အတွင်း၌ မည့်သည့်ပစ်ခတ်တိုက်ခိုက်မှုမှမရှိကြောင်း၊ လုပ်ကြံသတင်းအတုသာဖြစ်ကြောင်း သိရှိရသည်။

တရားမဝင် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည် တပ်ဖွဲ့ဝင်များအပေါ် ယုံကြည်အားကိုးသည့်စိတ်များ လျော့နည်းလာစေရန်နှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန် သတင်းတု၊ သတင်းမှားများအား မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment