Friday, October 6, 2023

Web Design and Management for Digital Museum ရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၅

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက Digital Museum စနစ် အကောင်အထည် ဖော်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ပြီးမြောက်နိုင် ရေးနှင့် ဝန်ထမ်းများ၏ Digital နည်းပညာဆိုင်ရာ အသုံးချမှု အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ် ၍ Web Design and Management for Digital Museum ရေးသားနည်း အလယ်အလတ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် အမျိုးသား ပြတိုက်(နေပြည်တော်)၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနတွင် အမျိုးသားပြတိုက်၊ ရှေးဟောင်းသုတေသန ပြတိုက်၊ အထိမ်းအမှတ်ပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြတိုက်ဟူ၍ ပြတိုက်အမျိုးအစား()မျိုးရှိပြီး ပြတိုက်စုစုပေါင်း ၃၂ ခုရှိကြောင်း၊ ၎င်းပြတိုက်များ အနက် အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ မန္တလေးမြနန်းစံကျော် ရွှေနန်းတော်ယဉ်ကျေးမှုပြတိုက်၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ ပဲခူးဟံသာဝတီ ရှေးဟောင်း သုတေသနပြတိုက်၊ ဗိဿနိုးရှေးဟောင်းသုတေသန ပြတိုက်တို့၏ Website ရေးဆွဲခြင်း ဆောင်ရွက် ပြီးစီးသည့်အခါ ကျန်ရှိသော ပြတိုက်များကိုလည်း တစ်ဆင့်ချင်း ဆက်လက်ဆောင်ရွက်သွားရန်လို ကြောင်း၊ Website ရေးဆွဲပြီးသည့် အခါတွင်လည်း သက်ဆိုင်ရာ ပြတိုက်များတွင် Online Server Offline Server များ ထားရှိ၍ Touch Screen များဖြင့် ပြသထားရှိပြီး QR Code များထားရှိ၍ အများပြည်သူ လွယ်ကူစွာလေ့လာနိုင်ရေး ဆောင် ရွက်ထားရန်လိုကြောင်း။

Online Server ဖြစ်သော ဌာန၏ Website နှင့် လည်း ချိတ်ဆက်၍ ပြတိုက်များကို မိမိရောက်ရှိရာ နေရာတွင် လေ့လာကြည့်ရှုနိုင်အောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ဧည့်သည်များ သာမက နိုင်ငံတကာမှ စိတ်ဝင်စားသူများက မိမိတို့ နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ အကြောင်းကို လေ့လာသိရှိနိုင်စေရေးအတွက် Digital Museum ကို အမြန်ဆုံး ရာနှုန်းပြည့် ပြီးစီး အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းလွင်က သင်တန်းသား သင်တန်း သူများကို နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး သင်တန်းနည်းပြတစ်ဦးက သင်တန်း၌ ပို့ချမည့် အကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားကာ သင်တန်းဖွင့်ပွဲကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment