Friday, October 6, 2023

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းမှ လှူဒါန်းသော စားရေရိက္ခာများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

 

ရန်ကုန် အောက်တိုဘာ ၅

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ချစ်မေတ္တာဖောင်ဒေးရှင်းကလှူဒါန်းသော စားရေရိက္ခာများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အေးရှားဝေါလ်ကုန်သေတ္တာဝင်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ချစ်မေတ္တာဖောင်ဒေးရှင်းမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ချစ်မေတ္တာဖောင်ဒေးရှင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းထွန်းကျော်က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းထံ ချစ်မေတ္တာဖောင်ဒေးရှင်း မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းထွန်းကျော်နှင့် တာဝန်ရှိသူများက မိုခါမုန်တိုင်း သင့်ပြည်သူများအတွက် လှူဒါန်းသည့် စားရေရိက္ခာ များကို ပေးအပ်လှူဒါန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

လှည့်လည်ကြည့်ရှု

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ချစ်မေတ္တာဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများသည် ကုန်သေတ္တာများအတွင်းရှိ စားရေရိက္ခာပစ္စည်းများကို လှည့်လည်ကြည့်ရှုကြ သည်။

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ဂျပန်နိုင်ငံမှ တင်ဆောင်လာသော စားရေရိက္ခာပစ္စည်းများတွင် ဂျပန် ယန်း ၁၂၄၀၄၆၁၀ တန်ဖိုးရှိ အသင့်စားထမင်းဘူးများ၊ ငါးသေတ္တာဘူးများ၊ ခေါက်ဆွဲခြောက် များအပါအဝင်ပစ္စည်း ၂၅ မျိုးကို ကွန်တိန်နာငါးလုံးဖြင့် တင်ဆောင်လာခြင်းဖြစ်သည်။

ယခု ချစ်မေတ္တာဖောင်ဒေးရှင်းမှလှူဒါန်းသည့် စားရေရိက္ခာများကိုလည်း ရခိုင်ပြည်နယ် လေဘေးသင့် ပြည်သူများအတွက် အမြန်ဆုံးပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment